ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား(၂၆)မြို့နယ်နှင့်အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုံပစ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်နှင့် အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုံပစ်ပြိုင်ပွဲတွင် ကျောင်းကုန်းမြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော အားကစားသမားအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀:၀၀)အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ တနင်္သာရီမြစ်ရေကြီးမြင့်မှုကြောင့် ရေဘေးသင့်မိဘပြည်သူများအား တိုင်းအစိုးရအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ/ အလှူ ရှင်များက ငွေနှင့်စားရေရိက္ခာများ ထောက်ပံ့လှူဒါန်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ တနင်္သာရီမြစ်ရေသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(ဒုတိယ)ပတ်အတွင်း မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းနေမှုကြောင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် မြို့နယ်၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် (၁၇)ပေ (၅၁၈.၁၆ Cm)ကိုလည်းကောင်း/ ဇူလိုင်လ ၂၇ ရက်နေ့၌ အန္တရာယ်ရေအမှတ်ဖြစ်သည့်(၂၄)ပေ(၇၃၁.၅၂Cm)ကိုလည်းကောင်း/ဇူလိုင်လ(၃၁)ရက်နေ့မှာ တနင်္သာရီမြစ်ရေသည် အန္တရာယ်ရေအမှတ်ထက် (၇)ပေကျော်လွန်၍ (၃၁)ပေအထိ ကြီးမြင့်ခဲ့သောကြောင့် ၁၉၉၄ ခုနှစ်နောက်ပိုင်း နှစ် (၃၀)ကာလအတွင်း ဒုတိယအကြိမ်၊ မြစ်ရေအကြီးဆုံးနှစ်အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး ဩဂုတ်လ၁ရက်နေ့မှစ၍ မြစ်ရေများ တဖြည်းဖြည်းပြန်လည်ကျဆင်းလျက်ရှိရာ ဩဂုတ်လ ၄ ရက်နေ့နံနက် ၉ နာရီအချိန်တိုင်းထွာချက်အရ (၁၉ပေ)အထိရောက်နေပြီး ဆက်လက်လျော့ကျနေကြောင်း သိရသည်။

မင်းလှမြို့နယ် သဖန်းချောင်းကျေးရွာတွင် အတွင်းတိမ်နှင့် မျက်စိရောဂါ စမ်းသပ်စစ်ဆေးပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် သဖန်းချောင်းကျေးရွာတွင် မကွေးခရိုင် မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းဌာနမှ အတွင်းတိမ်နှင့် မျက်စိရောဂါစမ်းသပ်စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉)နာရီက ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်၌ အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ(အမျိုးသား) ဘောလုံးပြိုင်ပွဲ ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ် ပညာရေးမှူးဖလား အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ(အမျိုးသား) ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများကိုမေတ္တာဖြင့်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

နိုင်ငံဘော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကိုစွန့်လွှတ်စွန့်စားစွာဖြင့် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ မေတ္တာဖြင့်ပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊   အမှတ်(၈) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်၊ ရွှေဝယ်သဇင်ရိပ်သာ၌ ကျင်းပခဲ့သည်။

ပန်းတနော်မြို့နယ်၌ ဧရာဝတီမြစ်ရေကျဆင်းလာသဖြင့် အခြေခံပညာကျောင်း(၁၉)ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းလာသဖြင့် ယမန်နေ့က အခြေခံပညာကျောင်း(၁၉)ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်

နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဘုတ်ပြင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက မေတ္တာဖြင့်ပေးအပ်သည့် စားသောက်ဖွယ်ရာများကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ဘုတ်ပြင်းမြို့ အမှတ်(၁၃)စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်ရုံးခန်းမ၌ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန့်နေ့ နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်)၊ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးမှ လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌  စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာမှု တိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ကြည်မှုတိုးပွားစေရေးအတွက် မြို့နယ်အဆင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to