ပန်းတနော် သြဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းလာသဖြင့် ယမန်နေ့က အခြေခံပညာကျောင်း(၁၉)ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုးသည်းထန်းစွာရွာသွန်းမှုနှင့် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပန်းတနော်မြို့နယ်အတွင်းရှိ အ.ထ.က(၁၀)ကျောင်း၊ အ.လ.က(၁၂) ကျောင်း၊ မူလတန်း(၈၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး(၂)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း(၁၀၅)ကျောင်း ယာယီ ပိတ်ထားခဲ့ရာ ယခုတွင် ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းလာသည့်အတွက် အ.ထ.က(၄) ကျောင်း၊ အ.လ.က (၅)ကျောင်း၊ အ.မ.က (၈)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း(၁၉)ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)