ထားဝယ် ဩဂုတ် ၇
နိုင်ငံဘော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကိုစွန့်လွှတ်စွန့်စားစွာဖြင့် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ မေတ္တာဖြင့်ပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ အမှတ်(၈) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်၊ ရွှေဝယ်သဇင်ရိပ်သာ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အများပြည်သူများအေးချမ်းစွာ အိပ်စက်နိုင်ရေး၊ သွားလာနိုင်စေရေးအတွက် အသက်ပေးကာကွယ်နေသော ရှေ့တန်းစစ်သည်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများမေတ္တာဖြင့် ပေးပို့ရခြင်းဖြစ် ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရှေ့တန်းရောက်စစ်သည်များအား လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်း၊ ရှေ့တန်းရောက်စစ်သည်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာ များအမြဲတမ်းပြုလုပ်နိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရှေ့တန်းရောက်စစ်သည်များအတွက်ကို ပစ္စည်းသာမက ဘေးအန္တရာယ်ကင်းရှင်းရေး၊ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နိုင်စေရန်ဆုတောင်း မေတ္တာပို့သကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ဂုဏ်ပြချီးမြှင့်ငွေအား ပေးအပ်လှူဒါန်းရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်မှူးချုပ် ပြည်စုံလင်းကလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်မျိုးထွန်းကလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူက စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးကြီး သိန်းဇော်မြင့်ကလည်းကောင်း လက်ခံရယူသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက စာနာမူ၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် စားသောက်ဖွယ်ရာများအားတပျော်တပါး စုပေါင်းချက်ပြုတ်ကြော်လှော်ခြင်း၊ ၀န်ထမ်းမိသားစုများကိုယ်တိုင်စိတ်အား ထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများပြင်ဆင်ထုပ်ပိုးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးသည်။
တနင်္သာရီတိုင်းဒေဿကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးနီတူ၊ ပုစွန်ငါးပိချက်၊ ဘာလချောင်ကြော်၊ ဆေးပေါ့လိပ်၊ ကော်ဖီ၊ ခေါက်ဆွဲခြောက်၊ လက်ဖက်အကြော်စုံ၊ ချိုချဉ်စသည့် စားသောက် ဖွယ်ရာပစ္စည်းများလှူဒါန်းနိုင်ရေး ဝိုင်းဝန်းပြင်ဆင်ဆောင်ရွက်ခဲ့ကြပြီး စားသောက်ဖွယ်ရာများနှင့်အတူ “တရားသောစစ်အမြန်ဆုံးအောင်မြင်ပါစေ။ ကပ်မတော်သားများရဲ့ အောင်မြင်မှု ပြည်သူလူထု ရဲ့ ငြိမ်းချမ်းမှုများကို စောင့်မျှော်လျက် တပ်မတော်သားများကို ချစ်တဲ့ပြည်သူတွေ အများကြီးရှိပါတယ်။ တပ်မတော်သားများရဲ့အောင်ပွဲဟာ ပြည်သူ့အောင်ပွဲပါ။ တပ်မတော်သားများ စစ်မြေပြင်မှ အန္တရာယ်ကင်းရှင်းစွာ အမြန်ဆုံးပြန်လာနိုင်ပါစေ၊ တိုက်ပွဲတိုင်းလည်းအောင်မြင်ပါစေ”စသည့် ဆုတောင်းမေတ္တာစာလွှာများကို ထည့်သွင်းပေး ပို့ခဲ့ကြသည်။
နိုင်ငံဘော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားစွာဖြင့် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ထားဝယ်ခရိုင်မှ ဂုဏ်ပြုချီးမြှင့် ငွေသားတန်ဖိုး(၁၂၉၄၀၀၀၀)ကျပ်၊ ပစ္စည်းတန်ဖိုး (၂၄၁၃၁၃၀၀)ကျပ်၊ စုစုပေါင်း(၃၇၀၇၁၃၀၀)ကျပ်၊ မြိတ်ခရိုင်မှ ပစ္စည်းတန်ဖိုး (၂၃၀၀၅၅၄၀)ကျပ်၊ ကော့သောင်းခရိုင်မှပစ္စည်းတန်ဖိုး (၁၁၁၈၃၀၀၀/)ကျပ်၊ ဘုတ်ပြင်းခရိုင်မှ ပစ္စည်းတန်ဖိုး(၁၇၇၁၁၀၀) ကျပ် မေတ္တာဖြင့်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)