စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၇/၂၀၂၄) အစည်းအဝေး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၇/၂၀၂၄) အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။

ဒလမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အ.ထ.က (၁) ယုဇနခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းခတ်မြို့၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်ရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ယမန်နေ့ညနေပိုင်းက ဝမ်ခုတ်ကျေးရွာအုပ်စု၊ နမ့်‌လွေစာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့နယ် ဝမ်ခုတ်ကျေးရွာ၊ နမ့်လွေစာကြည့်တိုက်၌ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ဝမ်ခုတ်ကျေးရွာ၊ နမ့်လွေစာကြည့်တိုက်၌ မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၊ ဝဲကြီးကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သိုးမွှေးချည်ထိုးနည်းသင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သိုးမွှေးချည်ထိုးနည်းသင်တန်းဖွင့်ပွဲကို ဝဲကြီးကျေးရွာ စုပေါင်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သည်။

လက်ပံတန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ အခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများကျင်းပခဲ့ရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့၊ ဝမ်ခုတ်(အ.မ.က)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ဝေးလံသောတောင်ပေါ်ကျေးရွာများမှ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ဝမ်ခုတ်ကျေးရွာအုပ်စု၊‌ ဝမ်ခုတ်ကျေးရွာအခြေခံပညာမူလတန်း‌ကျောင်းတွင်ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အခြေခံရှေးဦးပြုစုခြင်း (၃/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ထားဝယ်ပညာရေးဒီဂရီကော်လိပ်တို့ပူးပေါင်းဖွင့်လှစ်သော အခြေခံရှေးဦးပြုစုခြင်း (၃/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက  ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကော်လိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပခဲ့သည်။

မင်းဘူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန့်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။

ရှေ့တန်းရောက်တပ်မတော်သာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပုလောမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့်ပြည်သူများက စားသောက်ဖွယ်ရာများလှူဒါန်း

ပုလောမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ စွမ်းစွမ်းတမံဆောင်ရွက်နေသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းနိုင်ရန် ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်းက စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to