ကျွန်းလှမြို့နယ်၌ အစေ့ထုတ်ပြောင်း ဧက ၁၅၀၀၀ ကျော်စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး ယခုနှစ်မိုးရာသီ၌ အစေ့ထုတ်ပြောင်း ဧက ၁၅၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့နယ်၌ စားသုံးဆီများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်းရှိ ပြည်သူများ စားသုံးဆီများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ဩဂုတ် ၇ ရက်နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ် (၁) နှင့် အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် အမှတ် (၃) ရပ်ကွက် တပင် ရွှေထီးလမ်းဘေးတို့တွင် စားသုံးဆီများအား ပြည်သူများ၏လက်ဝယ်အရောက် ဖြန့်ဝေရောင်းချပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လက်ရွေးစင် ဖူဆယ်အသင်းများအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၌ လုပ်ငန်းများ အရှိန်အဟုန်မပျက် လည်ပတ်နိုင်ရေးနှင့် ရေဘေးသင့် မိသားစုများ၊ ပယင်းရောင်းဝယ် ရေးလုပ်ငန်းလုပ်ကိုင်သူမျ

၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်အားကစားပြိုင်ပွဲသို့ ကချင်ပြည်နယ်မှ အမျိုးသား/ အမျိုးသမီး ဖူဆယ်အသင်းများအနေဖြင့် ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့်ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မနံနက် ၁၀ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အားကစားသမားများအား သွားရောက်တွေ့ဆုံပြီး အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်သင်ကြား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ရေများဝင်ရောက်ခဲ့၍ ယာယီပိတ်ထားရသော စာသင်ကျောင်း (၃၇) ကျောင်းရှိရာ ယခုအခါစာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။

မိုင်းစံမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းခြင်းကို ပုံမှန် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့ အမှတ်(၁)အ.လ.က(ခွဲ)ကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင် နံရံကပ်စာစောင်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်က ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။

ကျွန်းစုမြို့တွင် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အလှူငွေများနှင့် စားသောက်ကုန်များ ပေးပို့လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အလှူငွေများနှင့် စားသောက်ကုန်များကို ယမန်နေ့နံနက်ပိုင်းက ပေးပို့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်လှူဒါန်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငွေသဲဖြူခန်းမ၌ ရပ်ကွက်နှင့်ကျေးရွာများရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကံမမြို့၌ ဆန်နှင့် စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များရှိ ဈေးဆိုင်များတွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော ဆန်နှင့်စားအုန်းဆီများ သင့်တင့်မျှတသည့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ဝန်ထမ်းများက ယမန်နေ့ မွန်းတည့် (၁၂)နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့တွင်း တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့တွင်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to