တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး မြိတ်မြို့နယ်ကုန်တင်ကုန်ချလုပ်သားများအား မိုးတွင်းရိက္ခာ ဆန်/ဆီထောက်ပံ့၊ ပြည်သူ့ဆေးရုံနှင့် အခြေခံကျောင်းများအားစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဩဂုတ် (၅)ရက်နံနက်ပိုင်းက မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးတွင် ကုန်တင်ကုန်ချ လုပ်သားများအား မိုးတွင်းရိက္ခာ ဆန်/ဆီ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပြီး အမှာစကား ပြောကြားသည်။

ရပ်စောက်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင် ပြသ ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ဖောင်းတောကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ဆောင်ရွက်ခဲ့ကြသည်။

မြစ်သားမြို့နယ်တွင် ငှက်ပျောအပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စီးပွားဖြစ်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်အတွင်းရှိ  ကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက ကင်းတားရေလွှဲဆည်ရေနှင့်မြေအောက်ရေကိုအမှီပြုကာ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး အင်းရင်းအုပ်စု၊  ဆင်ကြံကျေးရွာ တောင်သူ ဦးဝင်းမောင်၏  စိုက်ခင်းတွင် ငှက်ပျောပင်(၁၁၀၀)အပင်များအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  သိရသည်။

မိတ္ထီလာမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ ပဉ္စမအကြိမ်မြောက် ပြန်လည်ထုတ်ချေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကြွယ်ကန်ကျေးရွာအုပ်စု၊ သဘွတ်ကုန်း ကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တိုးပွားလာသောရန်ပုံငွေများဖြင့်ကျေးရွာအတွက် အမှန်တကယ်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRF) အား (ပဥ္စမ)အကြိမ်မြောက် ထုတ်ချေးခြင်းကို  ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံတက္ကသိုလ်၌ လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်လို့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖန်တီးစို့ ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်လို့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖန်တီးစို့ ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပသည်။

ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ မိုင်းတုံခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်​ မြို့မိမြို့ဖများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့တွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် မိုင်းတုံခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မိုင်းတုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

“စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတက်ရောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း “မြတ်ရတနာ” ခန်းမ‌၌ ယမန်နေ့မွန်းလွဲပိုင်းက “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မိခင်ကလေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနအတွက် အလှူငွေ (၃)သိန်းကျပ် ပေးအပ်လှူဒါန်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနအတွက် အလှူငွေ (၃)သိန်းကျပ် ပေးအပ်လှူဒါန်းပွဲကို ဩဂုတ် ၅ ရက်နေ့ မွန်းလွဲ (၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံး အစည်းအဝေးခန်မ၌ ကျင်းပခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)မှ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကျွန်းရောင်းကျေးရွာအုပ်စု၊ ကျွန်းရောင်းကျေးရွာအတွင် ကျပ်သိန်း ၁၅၀ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ပွဲကို ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းက ကျွန်းရောင်းကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျင်းပခဲ့သည်။

ပခုက္ကူမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၄ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ကြသည်။
Subscribe to