ပန်းတနော် သြဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန့်နေ့ နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်)၊ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးမှ လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး/ ပြည်ထောင်စု ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အိုးဘို-ချောင်းကလေးလမ်းပေါ်ရှိ ကျုံပတော ချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပိန်းချောင်း-ဇရပ်လှကြီး- စံကျ-အစုကြီးလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများအား သွားရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ မအူပင်ခရိုင်၊ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် ပန်းတနော်မြို့နယ် ဦးစီးအရာရှိ(မြို့ပြ)(တာဝန်)မှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်)၊ အင်ဂျင်နီယာချုပ်(မြို့ပြ)မှ ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးလက်လမ်း၊ တံတား လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းများအချိန်မှီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး အလေးအထား ဆောင်ရွက်သွားရန် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)