ကျောင်းကုန်း ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်နှင့် အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုံပစ်ပြိုင်ပွဲတွင် ကျောင်းကုန်းမြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော အားကစားသမားအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀:၀၀)အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက ချီးကျုးဂုဏ်ပြုစကားပြောကြားခဲ့ပြီး ဆုရရှိသူများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြိုနယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဥ်ယဥ်မြင့်နှင့်အဖွဲ့ဝင်များ၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြများက ဆုများအသီးသီးပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။
ဝင်းကြိုင်(ပြန်/ဆက်)