မင်းလှမြို့နယ် သဖန်းချောင်းကျေးရွာတွင် အတွင်းတိမ်နှင့် မျက်စိရောဂါ စမ်းသပ်စစ်ဆေးပေးခြင်း ဆောင်ရွက်

အထက်မင်းလှ ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် သဖန်းချောင်းကျေးရွာတွင် မကွေးခရိုင် မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းဌာနမှ အတွင်းတိမ်နှင့် မျက်စိရောဂါစမ်းသပ်စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉)နာရီက ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မကွေးခရိုင် မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းဌာနမှ ကျန်းမာရေးမှူး ဒေါ်အေးဝင်းဝင်းခိုင်ဦးဆောင်သောအဖွဲ့မှ သဖန်းချောင်းကျေးရွာနေ အသက် (၅၀)နှစ်အထက် ပြည်သူ (၈၂)ဦးအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီးချိုရောဂါစစ်ဆေးပေးခြင်း၊ အတွင်းတိမ်နှင့်မျက်စိရောဂါ အခမဲ့စမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်ပေးခဲ့ရာ အတွင်းတိမ်လူနာ (၁၁)ဦး စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါ အတွင်းတိမ်တွေ့ရှိသူ (၁၁)ဦးအား မင်းဘူးခရိုင် ပြည်သူ့ဆေးရုံးကြီးတွင် ဆက်လက်၍ အတွင်းတိမ်အခမဲ့ ထပ်မံစစ်ဆေးခြင်း၊ ဆေးကုသပေးခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်သည်။

မင်းလှမြို့နယ် သဖန်းချောင်းကျေးရွာတွင် အတွင်းတိမ်နှင့် မျက်စိရောဂါအခမဲ့စမ်းသပ်စစ်ဆေးရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ‌ ဒေါ်ငယ်ငယ်‌အောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)