နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်

ဘုတ်ပြင်း ဩဂုတ် ၆

နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဘုတ်ပြင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက မေတ္တာဖြင့်ပေးအပ်သည့် စားသောက်ဖွယ်ရာများကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ဘုတ်ပြင်းမြို့ အမှတ်(၁၃)စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်ရုံးခန်းမ၌ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ဂုဏ်ပြုစကားပြောကြားပြီး ငွေကျပ်(၁၇၇၁၁၀၀) တန်ဖိုးရှိ ပုစွန်ခြောက်ငပိကြော်ဘူး (၃၉၅)ဘူးကိုပေးအပ်ရာ အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်နယ်မှူးဗိုလ်မှူးကြီးမျိုးသန့်နှင့်ဘုတ်ပြင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ကျော်အောင်တို့က လက်ခံရယူပြီး  တပ်နယ်မှူးမှ ဂုဏ်ပြုမှတ်တမ်းများပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်း (ပြန်/ဆက်)