ပိုင်ကျုံမြို့ဒေါ်လန်းကျေးရွာအုပ်စုအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (W.F.P) မှ Hight Energy Biscuits များ ထောက်ပံ့ပေးအပ်
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေစီးဆင်းလာမှုနှင့်ချောင်းရေမြင့်တက်လာမှုကြောင့် ရေဘေးသင့် သည့် ဒေါ်လန်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ အဆင်ပြေစေရန်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(W.F.P)မှ ဩဂုတ်လ ၅ ရက်နေ့က Hight Energy Biscuits များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။