ကော့သောင်းမြို့တွင် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကော့သောင်းခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများမှ စားသောက်ဖွယ်ရာများ မေတ္တာဖြင့် ပေးအပ်ခြင်း အခမ်းအနားပြုလုပ်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကော့သောင်းခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများမှ စားသောက်ဖွယ်ရာများ မေတ္တာဖြင့်ပေးအပ်ခြင်း အခမ်း အနားကို ယနေ့နံနက်(၁၁)နာရီတွင် ကော့သောင်းမြို့၊မဉ္ဇူသကခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးခင်မောင်ချို၊ စစ်ဗျူဟာအဖွဲ့(အခြေချ) ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တင်မောင်ကျော်၊ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။