သာပေါင်းမြို့နယ် မြေစာရင်းဦးစီးဌာန ဝန်ထမ်းမိသားစုများမှ အရုဏ်ဆွမ်း စုပေါင်းလောင်းလှူပူဇော်

သာပေါင်း ဩဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်‌နှစ်တိုင်း ဝါတွင်းကာလတစ်လျောက်လုံး မြို့ပေါ်၊နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်း သံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃိကသံဃာ့ဒါနအာရုဏ်ဆွမ်း၊ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူပူဇော်ပွဲကို သာသနာနှစ် ၂၅၆၈၊ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဝါခေါင်လဆန်း(၂)ရက်နေ့၊ ယမန်နေ့နံနက် ၄ နာရီခွဲအချိန်ကစတင်၍ သာပေါင်းမြို့နယ် မြေစာရင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟိန်းမြတ်သူနှင့်ဝန်ထမ်းမိသားစုများမှ အရုဏ်ဆွမ်းပတ် စုပေါင်းလောင်းလှူ ပူဇော်ခဲ့ကြကြောင်း သိရသည်။

ထိုသို့အရုဏ်ဆွမ်းပတ် လောင်းလှူပူဇော်ပွဲတော်ကို မြို့ပေါ်၊နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၁၄)ကျောင်းမှ ဝါဆို၊ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်အပါး(၁၃၄)ပါးတို့ကို ပင့်ဖိတ်၍ မြို့နယ်မြေစာရင်းဦးစီးဌာန ရုံးဝန်းအတွင်း မျက်နှာစာတွင် မြို့နယ်မြေစာရင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟိန်းမြတ်သူနှင့် ဝန်ထမ်းမိသားစုများမှ နိဗ္ဗာန်ရည်မှန်းစုပေါင်းထည့်ဝင်လှူဒါန်းအပ်‌သော သံဃိကသံဃာ့ဒါနအာရုဏ်ဆွမ်း၊ဆွမ်းဟင်း အာဟာရများကို ဆက်ကပ်လောင်းလှူပူဇော်ကြပြီး လှူဒါန်းမှုအတွက် အလှူရှင်များက အမျှပေးဝေ ဝမ်းမြောက်ဝမ်းသာ သာဓု (၃)ကြိမ် ခေါ်ဆိုကြကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)