ပုသိမ် ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသင်တန်း(TOT) ဖွင့်ပွဲအခမ်းအနားကို ပုသိမ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံက အမှာစကားပြောကြားခဲ့ပြီး (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရန်အတွက် သင်တန်းဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သင်တန်းသို့ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ အဆိုပြုတင်ပြလာသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်း(၁၅)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဘာသာရပ်များအား (၆.၈.၂၀၂၄)ရက်နေ့မှ (၉.၈.၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)