ကြံခင်း ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားမွေးမြူလျက်ရှိသည့် တောင်သူများအား တိရစ္ဆာန်အစာပေါများစေရန်နှင့် ဒေသထွက် တိရစ္ဆာန်အစာများအားတန်ဖိုးမြင့်တိရစ္ဆာန်အစာအဖြစ် ပြုပြင်ကျွေးမွးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်)တွင် တောင်သူပညာပေး သရုပ်ပြသခဲ့သည်။
ဦးစွာမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းကိုက တောင်သူ များနှင့် ကျောင်းသား၊ ကျောင်းသူများအား တန်ဖိုးမြင့်တိရစ္ဆာန်အစာကို ပြုပြင်ကျွေးမွေးခြင်း နည်းစနစ်များနှင့် အကျိုးကျေးဇူးများကိုဟောပြောခဲ့ပြီး တန်ဖိုးမြင့်တိရစ္ဆာန်အစာအဖြစ် ပြုပြင် ကျွေးမွေးနိုင်ရန်အတွက် ကောက်ရိုးကိုစနစ်တကျ ထုပ်ပိုးသိမ်းဆည်းခြင်း၊ ကောက်ရိုးချဉ်ပတ်ပြုလုပ်ခြင်း၊ ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်းနည်းစနစ်များကို လက်တွေ့ သရုပ်ပြသပေးခဲ့ရာ တောင်သူ ၉ ဦးနှင့် မွေးမြူရေး ကျောင်းသား၊ ကျောင်းသူ ၁၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)