ရေကြည် ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် မြူရေးနှင့်ကုသရေးဦးစီးဌာနမှ တောင် သူများအား တိရစ္ဆာန်အစာပေါများစေရန်နှင့် ဒေသထွက်တိရစ္ဆာန်အစာများအား တန်ဖိုးမြင့် တိရစ္ဆာန်အစာအဖြစ် ပြုပြင်ကျွေးမွေးနိုင်ရေးအတွက် တောင်သူပညာပေး သရုပ်ပြပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ရေကြည်မြို့၊ တောင်လယ်ကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ နို့စားနွားမွေးမြူသူ ဦးခင်မြင့်နေအိမ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိရစ္ဆာန်အစာကောက်ရိုးကို စနစ်တကျ ထုတ်ပိုးသိမ်းဆည်းခြင်း၊ ကောက်ရိုးချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်း နည်းစနစ်များအား တောင်သူများ သိရှိစေရန် ပညာပေးသရုပ်ပြ ဆောင်ရွက်ခဲ့ပြီး အဆိုပါ သရုပ်ပြပွဲသို့ နို့စားနွားမွေးမြူသူ(၃)ဦး၊ ဒေသနွားမွေးမြူသူ (၁၁)ဦး တက်ရောက်ခဲ့ပါသည်။
မြို့နယ် (ပြန်/ဆက်)