ကလေး ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ခွဲ)၊ အ.လ.က(၆) အခြေခံပညာအလယ်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟေမာဆွေနှင့် တာဝန်ရှိသူများက မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်သက်ဆိုင်သည့် အကြာင်းအရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၁၆၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)