နတ်မောက်မြို့၌ ပုဒ်အထားအသိုမှန်အောင် ဝါကျရေးနည်းနှင့် စာစီစာကုံးရေးသားနည်းသင်တန်း ဖွင့်လှစ်

နတ်မောက် ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ပုဒ်အထားအသိုမှန်အောင် ဝါကျရေးနည်းနှင့် စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သည်။  

အဆိုပါ သင်တန်းတွင် မြို့ပေါ်ရှိအခြေခံပညာရေးကျောင်းမှ ကျောင်းသား/သူများအား သင်တန်းနည်းပြဆရာ စာရေးဆရာ မောင်နန္ဒ(မြစ်ကြီးနား)က မြန်မာစာရေးသားရာတွင် စာလုံးပေါင်းသတ်ပုံအမှန်ရေးသားပြီး အထားအသို မှန်မှန်ကန်ကန်အသုံးပြုတတ်စေရန်၊ မြန်မာဝေါဟာရကြွယ်ဝစေရန်၊ မြန်မာစာပေကို ချစ်မြတ်နိုးပြီးထိန်းသိမ်းကြစေရန်နှင့် စာစီစာကုံးရေးသားနည်းကို သိရှိအသုံးချတတ်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ သင်တန်းပို့ချရာ နည်းပြဆရာက ပုဒ်ဖြတ်၊ ပုဒ်ရပ်၊ ပုဒ်ကလေး၊ ပုဒ်မသိထားကြ၊ ပုဒ်အထားအသိုမှန်စေရန်၊ စာစီစာကုံးကို စကားပြေဖြင့်ရေးပါ၊ စာစီစာကုံးရေးသားရာတွင် ‌ရှောင်ရန်အချက်များကို ရှင်းလင်းဆွေးနွေးပြီး စာစီစာကုံးရေးသားရာတွင် ကျောင်းသား/သူများ ပိုမိုနားလည်စေရန်အတွက် အတိုကောက်မှတ်သားနိုင်ရန် ကဗျာများဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။                       

အဆိုပါ သင်တန်းသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)နှင့် အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)မှ ဆရာ/မများနှင့် ကျောင်းသား/သူ (၁၂၀)ဦး တက်ရောက်ခဲ့သည်။

သိမ့်သိမ့်မိုး