ပိုင်ကျုံ ဩဂုတ် ၇
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေစီးဆင်းလာမှုနှင့်ချောင်းရေမြင့်တက်လာမှုကြောင့် ရေဘေးသင့် သည့် ဒေါ်လန်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ အဆင်ပြေစေရန်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(W.F.P)မှ ဩဂုတ်လ ၅ ရက်နေ့က Hight Energy Biscuits များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ရေကြီးနိမ့်မြုပ်မှုကြောင့် ရေဘေးသင့်သည့် ဒေါ်လန်းကျေးရွာအုပ်စုအတွင်းရှိ ဒေါ်လန်းရွာကျေးတွင် အိမ်ခြေ(၂၆၀)လုံး၊ လူဦးရေ(၁၄၈၇)ဦးတို့အတွက် Hight Energy Biscuits (၁၅၉)ဖာ၊ ဒေါ်လန်းအလယ်ရွာတွင် (၁၃၈)လုံး၊ လူဦးရေ(၇၇၅)ဦးတို့အတွက် Hight Energy Biscuits (၈၃)ဖာနှင့် ကွမ်ဖော်ကျေးရွာတွင်အိမ်ခြေ (၂၃၅)လုံး၊ လူဦး(၁၄၆၉)ဦးတို့အတွက် Hight Energy Biscuits (၁၅၇) ဖာအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ခြင်းလုပ်ငန်းကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(W.F.P)မှ ကွင်းဆင်းကြီးကြပ်ရေးလက်ထောက် ဦးအိုက်ညီနှင့် တာဝန်ရှိသူများတို့က ရေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ရရှိရေးအတွက် ကျေးရွာအရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)