ကန့်ဘလူ ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်းရှိ ပြည်သူများ စားသုံးဆီများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ဩဂုတ် ၇ ရက်နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ် (၁) နှင့် အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် အမှတ် (၃) ရပ်ကွက် တပင် ရွှေထီးလမ်းဘေးတို့တွင် စားသုံးဆီများအား ပြည်သူများ၏လက်ဝယ်အရောက် ဖြန့်ဝေရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါစားသုံးဆီများ ရောင်းချရာ၌ ပြည်သူများသက်သာချောင်ချိစေရန်နှင့်သက်သာ သောနှုန်းထားဖြင့် စားသုံးဆီများ စနစ်တကျဝယ်ယူနိုင်စေရန်ရည်ရွယ်၍ ရပ်ကွက်အတွင်းရှိ အိမ် ထောင်စုများအတွက် တစ်အိမ်ထောင်လျှင် ဆီ ၅၀ ကျပ်သားကို ကျပ် ၃၁၀၀ နှုန်းဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ၏လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း၊ ကျန်ရပ်ကွက်များကိုလည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)