ကျွန်းစုမြို့တွင် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အလှူငွေများနှင့် စားသောက်ကုန်များ ပေးပို့လှူဒါန်း

ကျွန်းစု ဩဂုတ် ၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အလှူငွေများနှင့် စားသောက်ကုန်များကို ယမန်နေ့နံနက်ပိုင်းက ပေးပို့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများစုပေါင်း၍ အသင့်စားခေါက်ဆွဲခြောက်များ၊ ငါး သေတ္တာများ၊ ငပိကြော်များ စုစုပေါင်းတန်ဖိုး (၂၉) သိန်း (၆) သောင်းရှိ ပစ္စည်းများကို ပေးပို့လှူဒါန်းခဲ့သည်။

အလားတူ စားသောက်ဖွယ်ရာများပေးပို့နိုင်ရေးကို ကျွန်းစုမြို့နယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များနှင့် မိသားစုဝင်များက ရေကြင်ငါးခြောက် ဗလာချောင်ကြော် ခုနှစ်ကျပ်သား အထုပ် (၅၈၄)ထုပ်၊ ပုဇွန်ခြောက်ငံပြာရည်ကြော်ခုနှစ်ကျပ်သား အထုပ်(၈၄)ထုပ်တို့ကို ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျွန်းစု(ပြန်/ဆက်)