ဆိပ်ဖြူမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်လှူဒါန်းပွဲကျင်းပ

ဆိပ်ဖြူ ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊  ဆိပ်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငွေသဲဖြူခန်းမ၌ ရပ်ကွက်နှင့်ကျေးရွာများရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်လှူဒါန်းပွဲ  အခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်လှူဒါန်းပွဲ အခမ်းအနားတွင် ဆိပ်ဖြူမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးပိုင်က အမှာစကားပြောကြားသည်။ ထို့နောက် စာအုပ်လှူဒါန်းပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ စာကြည့်တိုက် (၁၆) တိုက်မှ စာကြည့်တိုက်တာဝန်ခံများထံသို့ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်လှူဒါန်းပြီး အောက်ဆိပ်ကျေးရွာ ပညာရတနာစာကြည့်တိုက် တာဝန်ခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆိပ်ဖြူမြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  စာကြည့်တိုက်တစ်တိုက်လျှင် သုတ၊ ရသ စာအုပ် (၂၀) အုပ်နှုန်းဖြင့်  စာကြည့်တိုက် (၁၆) တိုက်အတွက် သုတ၊ ရသ စာအုပ် (၃၂၀) အုပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ညွန့်နန္ဒာတင်