တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံစားသောက်ကုန်ထုတ်လုပ်မှု သင်တန်းဖွင့်လှစ်
တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံစံပြကျေးရွာ၊ ပအိုဝ်းဓမ္မာရုံ၌ အခြေခံစားသောက်ကုန်ထုတ်လုပ်မှု သင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။