ညောင်တုန်း ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကွင်းကလေးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ စာပေဖတ်သည့် အလေ့အထကောင်းများ ရရှိစေရေးနှင့် စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများ စသည့်အကြောင်းအရာ များကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စုစုခင်က အားကစားအဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ စသည့်အကြောင်းအရာများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နယ်လှည့်နံရံကပ်စာစောင်၊ စာအုပ်စာစောင်များ ပြသခြင်းနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားသရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)