ကျွန်းစုမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျွန်းစုမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ ကျွန်းစု ဩဂုတ် ၁၄ ထက်မြင့်

ပုလောမြို့နယ်၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ပုလောမြို့နယ်၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ် ပုလော သြဂုတ် ၁၄ မြို့နယ်(ပြန်/ဆက်)

သံတောင်ကြီးဒေသထွက် ကွမ်းကြမ်းများ မိုးရာသီအချိန်တွင် ဈေးနှုန်းအနည်းငယ် ကျဆင်း

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ  အသက်မွေးကျောင်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ  နှစ်ရှည်ပင်သီးနှံဖြစ်သည့် ကွမ်းရွက်ပင်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ တောင်ပေါ်ကွမ်းကြမ်းများသည် မိုးရာသီအချိန်တွင် စိုက်ပျိုးလျက်ရှိပြီး သစ်ပင်ကြီးများပေါ်တွင်လည်ကောင်း၊ ကွမ်းသီးပင်များပေါ်တွင် တွယ်တက်နိုင်စေရန် စိုက်ပျိုးသည့် နွယ်ပင်တစ်မျိုးဖြစ်သည်။ ကွမ်းကြမ်းပင်များသည် တစ်နှစ်လျှင် (၃) ကြိမ်မှ (၄) ကြိမ်အထိ ခူးယူရောင်းချလျက်ရှိပြီး ယခုလနောက်ဆုံးပတ်တွင် ကွမ်းရွက်ကြမ်းများ ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများ တိုးပွားစေရေး၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်၍  နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ(၁)နာရီက ကျုံဒါးချောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမများ  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် တိရစ္ဆာန်များ ခွါနာလျှာနာရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ကွင်းဆင်းထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါက်တာနေခြည်နွေးနှင့် ဝန်ထမ်းများက  လေးထောင့်ကန်ကျေးရွာရှိ မွေးမြူရေးခြံများသို့သွားရောက်၍ တိရစ္ဆာန်များ ခွါနာလျှာနာရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းထိုးနှံပေးခဲ့ကြသည်။

မိုင်းယောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက် မိုင်းယောင်း ဩဂုတ် ၁၄ ဝေဝေခိုင်(ပြန်/ဆက်)

မိုင်းခတ်မြို့၌ ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသောတောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ဝမ်ခုတ်ကျေးရွာအုပ်စု၊ ‌ကော်ဖတ်နမ်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မှော်အိုင်ကျေးရွာ အထက်တန်းကျောင်း (ခွဲ)၌ လူငယ်ရေးရာ  အားကစားအသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအားကစား အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက မှော်အိုင်ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to