ဓနုဖြူမြို့နယ်၌ အခြေခံပညာကျောင်းများအတွက် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းပွဲကျင်းပ

ဓနုဖြူ သြဂုတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများအတွက် စာရေးကိရိယာများထောက်ပံ့လှူဒါန်းပွဲကို ယနေ့သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်က အဖွင့်အမှာစကားပြောကြားပြီး၊ အလှူရှင်ဦးအေးကြူ၊ ဒေါ်စန်းကြည် (သား) ကို ကျော်မင်းဦး၊ မဆုဝါဝါမောင် မိသားစုတို့မှ ဒုတိယအကြိမ်မြောက် ဓနုဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၇) ကျောင်းအတွက် စုစုပေါင်းတန်ဖိုးငွေကျပ် (၃၂) သိန်းတန်ဖိုးရှိသော ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ခဲတံချွန်စက်၊ ပေတံ၊ ကွန်ပါဘူးစသည့် စာရေးကိရိယာများအား ထောက်ပံ့လှူဒါန်းပေးခဲ့​ရာ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် အလှူရှင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)