မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိညာပေး ဟောပြောပွဲ ကျင်းပ

မဟာအောင်မြေ သြဂုတ် ၁၄

အခြေခံပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးအသင်း (ဗဟို-မန္တလေး)(AEDA-Mdy)တို့ ပူးပေါင်းကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်အသိပညာပေး ဟောပြောပွဲကို​​ ယမန်နေ့ နံနက် ၉ နာရီအချိန်က ချမ်းမြသာစည်မြို့နယ် အမှတ် (၂၆) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပခဲ့သည်။

ရှေဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမျိုးလွင်က သြဝါဒစကား ချီးမြှင့်ပြီးနောက် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးအသင်းမှ ဒေါ်ခင်မေပိုင်က မူးယစ်သမိုင်းကြောင်း၊ ဦးမြင့်သန်းက မူးယစ်ဆေးဝါး အမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်ကို ဟောပြောခဲ့သည်။

ထို့နောက် ​ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသားသူများအား ဒေါ်သင်းသင်းဦးနှင့် ဦးဝင်းမင်းလိုင်တို့က မေးခွန်းများ မေးမြန်းခဲ့​ပြီးနောက် ဆုရကျောင်းသား/သူများအား ဆုချီးမြှင့်ကြောင်း သိရသည်။

အောင်ဇော်မင်း