ဟင်္သာတမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး (၁/၂၀၂၄) ကျင်းပ

ဟင်္သာတ သြဂုတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နေ့လယ် ၁၂နာရီအချိန်က ခရိုင်အဆင့်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင် ဟင်္သာတခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီး ဟင်္သာတခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းယုဆွေ ကလေးသူငယ်များနှင့်ပတ်သက်သော လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ကော်မတီဝင်များက အသီးသီးဆွေးနွေးအကြံပြုချက်များ တင်ပြခြင်းဆောင်ရွက်ခဲ့သည်။ ထို့နောက် ဟင်္သာတခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)