ပွင့်ဖြူမြို့နယ်၌ ချည်မျှင်ရှည်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးဆွေးနွေးပွဲ ပြုလုပ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်းချည်မျှင်ရှည်ဝါသီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် ပန်းတိုင်အထွက်နှုန်းများရရှိအောင် စနစ်တကျစိုက်ပျိုးဆောင်ရွက်နိုင်ရန်ရည်ရွယ်ကျင်းပသည့် ချည်မျှင်ရှည်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်ရမည့် စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။