အုတ်ဖိုမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက (အ.လ.က) ချမ်းမြသာမြေတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်သည်။

စမ်းချောင်းမြို့နယ်၌ (၅) နှစ်အောက် ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် စမ်းချောင်း (တောင်)ရပ်ကွက် သုံးပွင့်ဆိုင် မူကြိုကျောင်း၌ ယမန်နေ့နံနက်က ကျန်းမာရေးကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းနောင်မြို့ ဝမ်စိမ်းကျေးရွာအုပ်စုတွင် ကျေးရွာမြေငှားဂရမ်ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းနောင်မြို့၊ ဝမ်စိမ်းခန်းမတွင် ကျေးရွာမြေငှားဂရမ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို ရရှိစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

အလုံမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် အလုံမြို့နယ်အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

အာရှကာယဗလနှင့် ကာယကြံခိုင်မှု အားကစားပြိုင်တွင် ရွှေနှစ်ခု၊ ငွေနှစ်ခု ဆွတ်ခူးရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ လေဆိပ်၌ ပြည်သူများ သောင်းသောင်းဖျဖျကြိုဆို

အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်ကျွန်းတွင် သြဂုတ်လ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သည့် (၅၆)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်း (အုပ်ချုပ်သူ)ဦးဆောင်၍ (ဒိုင်)တစ်ဦး (နည်းပြ)တစ်ဦးနှင့် ကစားသမားခုနှစ်ဦး ပါဝင်သော အောင်ပွဲရ နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားအဖွဲ့သည် ယမန်နေ့ညနေ (၃) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။

လှည်းကူးမြို့နယ်၌ အခြေခံ‌မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ဩဂုတ်လ ၁၂ ရက်နေ့က လှည်းကူးမြို့နယ်၊‌ ဇရပ်ကွင်းကျေးရွာတွင် ဖွင့်လှစ်ခဲ့သည်။

မိုးနဲမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာသိမှတ်ဖွယ်ရာများအကြောင်း ရှင်းလင်းဟောပြော

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာသိမှတ်ဖွယ်ရာများအကြောင်း ရှင်းလင်းဟောပြောခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်းများတွင် ရွေးကောက်ပွဲအကြောင်း အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း၊ နံနက်(၁၁)နာရီတွင် အခြေခံပညာအထက်တန်း ကျောင်းခွဲတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန်အတွက် ထားဝယ်ခရိုင် လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Subscribe to