ရေကြည်မြို့နယ် ဝက်ရုပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်းကျင်းပ

ရေကြည် ဩဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ဝက်ရုပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည်မြင့်မားလာစေရန်၊ လူထုပရိသတ်ရှေ့မှောက်ပြောဆို ဆွေးနွေးတက်စေရန်၊ တိုင်ပင်ဆွေးနွေးခြင်း အလေ့အထကောင်းများ ရရှိလာစေရန်၊ စာပေလေ့လာဖတ်ရှု၍ ရရှိလာသည့် အသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်​ရေးရာ​ကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့မှ အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရေကြည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မလှိုင်ဇာအိအိဖြူက “လူငယ်နှင့်​အမျိုးသားယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ရာပြည့်က “လူငယ်နှင့်အားကစား” ခေါင်းစဥ်ဖြင့်လည်း​​ကောင်း၊​ မမေခွန်းဝတီက  “လူငယ်နှင့်​မူးယစ်ဆေး” ခေါင်းစဉ်ဖြင့်လည်း​​ကောင်း၊​ ​မဟန်မီနိုက “လူငယ်နှင့်​ကျန်းမာရေး” ခေါင်းစဥ်ဖြင့်လည်း​ကောင်း အသီးသီး​ဆွေး​နွေးခဲ့ကြပါသည်။

ထို့နောက် အခမ်းအနားတက်​ရောက်လာသည့်‌ ကျောင်းသား/ကျောင်းသူများမှ သိလိုသည်များ အပြန်အလှန်​ မေးမြန်း​ဆွေး​နွေးကြပြီး စကားဝိုင်းဆွေးနွေးခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)