မြို့သစ်မြို့နယ်တွင် ကျောင်းကျန်မာရေး သီတင်းပတ်အထိမ်းအမှတ် ဆေးရောင်ခြယ်​ခြင်းနှင့် ကျန်းမာရေးဆိုင်ရာမေးခွန်း(၁၀၀)ဖြေဆိုခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြို့သစ် ဩဂုတ် ၁၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ်အဖြစ် အစာအုပ်စုသုံးအုပ်စု ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကျန်းမာရေးဆိုင်ရာ မေးခွန်း(၁၀၀)အမေးအဖြေပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်(၂)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း (ရတနာ) ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆေးရောင်ခြယ်ပြိုင်ပွဲတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမူလတန်းအဆင့် ကျောင်းသားကျောင်းသူ(၁၀၃)ဦးနှင့် ကျန်းမာရေးဆိုင်ရာ မေးခွန်း (၁၀၀)ဖြေဆိုသူ (၁၃၂)ဦးနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျန်းမာရေးဆိုင်ရာ မေးခွန်း(၁၀၀) ပြိုင်ပွဲ ဝင်ရောက်ဖြေဆိုသူ(၉၃)ဦးနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲဖြေဆိုသူ(၈၂)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ(၄၁၀)ဦးတို့က ဝင်ရောက်ဖြေဆိုယှဥ်ပြိုင်ခဲ့ရာ ဆုရရှိသူများအား မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးကုသရေးဦးစီးဌာနမှူးနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က ဆုများအသီးသီးပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့သစ်မြို့နယ် မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)