ငါ့သရောက် ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ဩဂုတ်လ ၁၄ ရက် ၁၆ ရက်နေ့တွင် ရွာသွန်းခဲ့သည့် မိုးဖြင့်ကျေးလက်တောင်သူများ မိုးလယ်ပင်ထောင်၊ ပင်ပြန့်မြေပဲများ စတင် စိုက်ပျိုး နေကြပြီဖြစ်ကြောင်း ကျေးလက်တောင်သူများထံက သိရသည်။
ငါ့သရောက်မြို့တွင် ကျေးလက်နေတောင်သူများသည် မိုးရာသီတစ်ရာသီသာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရသည့်ဒေသဖြစ်သောကြောင့် မိုးလယ်မြေပဲကို စတင်စိုက်ပျိုးကြသည်။ ယခင်နှစ်တွေကဆို ဇူလိုင်လ ၁၉ ရက် ၂၀ ရက် တွေမှာဆို စိုက်ပျိုးကြပြီး ဒီရက်ပိုင်းမိုးရွာသွန်းမှုကောင်းတော့ ကဆုန်လဆန်းပိုင်းက စိုက်ထားတဲ့ မြေပဲပင်တွေအတွက်လည်း အပင်သန်ကြီးထွာလာပြီး အပွင့်ပွင့်အားကောင်းလာပြီး လာမဲ့မြေပဲသိမ်းချိန်မှာလည်း မြေပဲအထွက်နှုန်း ကောင်းမွန်မှုရှိဖို့ရန် မျှော်လင့်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)