သံတောင်ကြီးမြို့နယ်တွင်  ကွမ်းသီးပျိုးပင်များ စတင်စိုက်ပျိုး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံသီးနှံများကို  အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဒေသခံပြည်သူများမှာ ဆောင်းတွင်းဖြစ်သည့် ဖေဖော်ဝါရီလချိန် ကွမ်းသီးများကို စတင်ပျိုးထားပြီး ၆လခန့်အကြာတွင်  ကွမ်းပင်ငယ်များဖြစ်လာကာ တစ်နှစ်ကွမ်းသီးပျိုးပင်များကို မိုးရေများသော ဩဂုတ်လအချိန်တွင် စတင်စိုက်ပျိုးလျက်ရှိကြောင်း  သိရသည်။

ကြံခင်းမြို့၌ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ ထားဝယ်ကြီး ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ဓမ္မစကူးလ် သင်တန်းသား/သူများအား ယမန်နေ့ နေ့လယ်ပိုင်းက စာကြည့်တိုက်ဖွံ့ဖြိုးတိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ ​စာဖတ်ရှိန်မြှင့်တင်​ရေး ကျောင်းသား၊ ​ကျောင်းသူများဖြင့် စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(အ​​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနအ​နေဖြင့် စာဖတ်ရှိန်မြှင့်တင်​ရေး အသိပညာ​ပေးလုပ်ငန်းများကို စဥ်ဆက်မပြတ်​ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊  ကျောင်းသူများဖြင့်ပြုလုပ်သည် (Youth Club)စာဖတ်ဝိုင်းကို ယ​နေ့နံနက်ပိုင်းက ​လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် (၂၇)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့နေ့ မင်္ဂလာအထိမ်းအမှတ် ကျေးရွာအုပ်စုအလိုက် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာတွင် ဒုတိယဥက္ကဋ္ဌ အဖိုးဗိုလ်ချုပ်စောဖားနွီးဖလား၊ DKBA ၊BGF နှစ်(၃၀)ပြည်နေ့နှင့် (၂၇)ကြိမ်မြောက် ကရင်ရိုရာချည်ဖြူဖွဲ့နေ့ မင်္ဂလာအထိမ်းအမှတ် ကျေးရွာအုပ်စုအလိုက် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၄)နာရီအချိန်က ကွမ်ဘီကျေးရွာ ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

မဟာအောင်မြေမြို့နယ် အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်း၌ အားကစားပြိုင်ပွဲများ ကျင်းပ

မဟာအောင်မြေမြို့နယ် အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်း၌ ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ Table tennis၊ ပြေးခုန်ပြစ်အားကစားနည်းပေါင်း (၅)နည်းဖြင့်  အားကစားပြိုင်ပွဲများကို ဇူလိုင်လမှ ​သြဂုတ်လအထိ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့် အဆို၊ အ‌က၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားအား  ယနေ့မွန်းလွဲ(၂)နာရီက မအူပင်မြို့ရှိ တိုးရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။

ကျောက်ဆည်မြို့နယ် သင်းတွဲစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် နွေသီးနှံမျိုးစုံ (၉၃၁၁)ဧက စိုက်ပျိုးနိုင်ခဲ့

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်း(၆)ခုရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွေသီးနှံမျိုးစုံ(၉၃၁၁)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဘိုးဘွားရိပ်သာထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းကော်မတီဝင်များ၊ အလှူရှင်များနှင့်တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေပိုင်း)တာချီလိတ်မြို့ ဘိုးဘွားရိပ်သာ အစည်းအဝေးခန်းမတွင် ယမန်နေ့ညနေ (၄) နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့် တာချီလိတ်ရှိဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဘိုးဘွားရိပ်သာ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကော်မတီဝင်များ၊ အလှူရှင်များနှင့် တွေ့ဆုံသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသူ၊ ကျောင်းသားများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နော်လော်မူနှင့် ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်း ဖွင့်လှစ်

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်းအချက်အလက်များကိုရရှိစေရန် ရည်ရွယ်၍ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)၌ ဩဂုတ် ၁၉ ရက်နေ့မှ ဩဂုတ် ၃၀ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်သည်။
Subscribe to