ကျောက်ဆည် ဩဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်း(၆)ခုရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွေသီးနှံမျိုးစုံ(၉၃၁၁)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် ကျေးရွာအုပ်စုပေါင်း(၁၄)အုပ်စုပါဝင်ပြီး အရှေ့ငယ်တိုးကျေးရွာအုပ်စုတွင် စပါး(၁၅)ဧက၊ နှမ်း(၆၇၅)ဧက၊ ပဲတီစိမ်း(၈၂၇)ဧက၊ ငရုပ်(၇၆)ဧက စုစုပေါင်း(၁၅၉၃)ဧက၊ ထန်းဇင်တော်ကျေးရွာအုပ်စုတွင် စပါး(၆၂)ဧက၊ နှမ်း(၆၃)ဧက၊ ပဲတီစိမ်း(၅၅)ဧက၊ စုစုပေါင်း(၁၈၀)ဧက၊ ငှက္ကတောင်ကျေးရွာအုပ်စုတွင် နှမ်း(၆၇၁)ဧက၊ ပဲတီစိမ်း(၉၆)ဧက စုစုပေါင်း(၇၆၇)ဧက၊ ရွှေဒါး ကျေးရွာအုပ်စုတွင် နှမ်း(၆၃)ဧက၊ ပဲတီစိမ်း(၄၂၂)ဧက စုစုပေါင်း(၄၈၅)ဧက၊ ရဲဘော်ကြီးကျေးရွာအုပ်စုတွင် နှမ်း(၁၅)ဧက၊ ပဲတီစိမ်း(၆၅၈)ဧက၊ ငရုပ်(၃၇)ဧက စုစုပေါင်း(၇၁၀)ဧက၊ သင်္ဂတုံကျေးရွာအုပ်စုတွင် နှမ်း(၆၀၃)ဧက၊ ပဲတီစိမ်း(၅၅)ဧက၊ စုစုပေါင်း(၆၅၈)ဧက၊ အရှေ့သာဂရကျေးရွာအုပ်စုတွင် နှမ်း(၃၁၆)ဧက၊ ပဲတီစိမ်း(၁၆)ဧက၊ စုစုပေါင်း(၃၃၂)ဧက၊ ကလေးကျေးရွာအုပ်စုတွင် နှမ်း(၆၀၈)ဧက၊ ပဲတီစိမ်း(၁၁၆)ဧက၊ စုစုပေါင်း(၇၂၄)ဧက၊ မှိုင်းပန်ကျေးရွာအုပ်စုတွင် နှမ်း(၃၉၃)ဧက၊ ပဲတီစိမ်း(၂၇၃)ဧက၊ စုစုပေါင်း(၆၆၆)ဧက၊ ပြည်တော်သာကျေးရွာအုပ်စုတွင် နှမ်း(၃၇၅)ဧက၊ ပဲတီစိမ်း(၃၈၃)ဧက၊ စုစုပေါင်း၇၅၈)ဧက၊ ရှမ်းတောင်ဦးကျေးရွာအုပ်စုတွင် စပါး(၃၇)ဧက၊ နှမ်း(၂၅၂)ဧက၊ ပဲတီစိမ်း(၃၃၀)ဧက၊ စုစုပေါင်း(၆၁၉)ဧက၊ ပုထိုးနီကျေးရွာအုပ်စုတွင် စပါး(၃၀၇)ဧက၊ နှမ်း(၃၂၅)ဧက၊ ပဲတီစိမ်း(၁၈)ဧက၊ စုစုပေါင်း(၆၅၀)ဧက၊ ကုလားကျောင်းကျေးရွာအုပ်စုတွင် စပါး(၄၅၃)ဧက၊ နှမ်း(၆၄၀)ဧက၊ ပဲတီစိမ်း(၇၆)ဧက၊ စုစုပေါင်း(၁၁၉၆)ဧက အသီးသီးစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ရဲရမန်းကျေးရွာအုပ်စုသည် တော်ပေါ်ကျေးရွာအုပ်စုတွင် စိုက်ပျိုးနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
စိုက်ပျိုးသီးနှံများအောင်မြင်ရေး ခရိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနများမှ တာဝန်ရှိသူများမှ ဒေသနှင့်ကိုက်ညီသည့်မျိုးစေ့များ၊ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးနည်းစနစ်များ စိုက်ပျိုးရေများ စနစ်တကျ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)