မဟာအောင်မြေ သြဂုတ် ၂၀
မဟာအောင်မြေမြို့နယ် အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်း၌ ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ Table tennis၊ ပြေးခုန်ပြစ်အားကစားနည်းပေါင်း (၅)နည်းဖြင့် အားကစားပြိုင်ပွဲများကို ဇူလိုင်လမှ သြဂုတ်လအထိ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်း၌ အားကစားပြိုင်ပွဲများ ကျင်းပရာတွင် ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်း၏ဦးဆောင်မှုဖြင့် အားကစားနှင့်ကာယပညာ ဆရာမဒေါ်သီသီစိုးခိုင်နှင့် ကာယတာဝန်ခံ ဦးကျော်ဇောအောင်တို့မှ ဦးဆောင်၍ နိုင်ငံဂုဏ်ဆောင်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ မြို့နယ်အဆင့်မှ ခရိုင်၊ တိုင်းအဆင့်အထိ ဆက်လက်ယှဉ်ပြိုင်နိုင်ရေးအတွက် ရွေးချယ်လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပြီး အားကစားနည်းအဆင့်ဆင့်မှ (ပထမ၊ဒုတိယ၊တတိယ)ဆုရ ကျောင်းသား/သူများကို ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များအား တာဝန်ရှိသူများက ဆက်လက်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း