ကြံခင်း ဩဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ ထားဝယ်ကြီး ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ဓမ္မစကူးလ် သင်တန်းသား/သူများအား ယမန်နေ့ နေ့လယ်ပိုင်းက စာကြည့်တိုက်ဖွံ့ဖြိုးတိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ထားဝယ်ကြီး ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ဦးပညာသာမိက ဩဝါဒစကားမိန့်ကြားပြီး ဓမ္မစကူးလ်သင်တန်းဆရာမကြီး ဒေါ်စန်းစန်းဌေး (မြို့နယ်ပညာရေးမှူး-ငြိမ်း)က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုရ ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် သားငယ်သမီးငယ်များအား ဗလငါးတန်ဖွံ့ဖြိုးလာစေရန်အတွက် မိမိတို့ဌာနအနေဖြင့် ဘက်ပေါင်းစုံမှ အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ အနာဂတ်၏ မျိုးဆက်သစ် သားကောင်းရတနာများ ပေါ်ထွန်းလာစေရန်နှင့် လူအများ ရှေ့မှောက်တွင် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရရှိစေရန် စသည့်ရည်ရွယ်ချက်များစွာဖြင့် ပြုလုပ်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဓမ္မစကူးလ် သင်တန်းသား/သူများအား ပုံပြင်စာအုပ်များထဲမှ မိမိကြိုက်နှစ်သက်ရာ ပုံပြင်စာအုပ်အား ဖတ်စေခြင်း၊ အရုပ်ဆက်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပပေးခြင်းတို့ကို ပြုလုပ်ပေးရာ သားငယ်သမီးငယ်များက ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအုပ်သမားပပျောက်ရေး၊ မူယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)