သံတောင်ကြီး ဩဂုတ် ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသူ၊ ကျောင်းသားများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နော်လော်မူနှင့် ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီးဒေါ်လိုအေးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နော်လော်မူက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ကလေးအလုပ်သမား အဓိပ္ပာယ်၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ကျောင်းသူ၊ ကျောင်းသားများ ပူးပေါင်းပါဝင်ဆောင်ရန် ကလေးအလုပ်သမားများ ပပျောက်ရေးရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ အလုပ်ခန့်မည့်ကလေးများအသက် (၁၄)နှစ်ပြည့်ပြီးဖြစ်စေရန်၊ အလုပ်လုပ်သောကလေးများအနေဖြင့် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာသင်ယူရေး တိုက်တွန်းစီစဉ်ဆောင်ရွက်ပေးရန် စသည့်အကြောင်းအရာများအား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် ကလေးအလုပ်သမား ပပျောက်ရေးနံရံကပ်စာစောင်အား ကျောင်းသူ၊ ကျောင်းသားများက စိတ်ပါဝင်စားစွာကြည့်ရှု မှတ်သားထားကြောင်း သိရသည်။
နော်နော်မူ