မဟာအောင်မြေမြို့နယ် အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကြက်ခြေနီသင်တန်း ဖွင့်လှစ်

မဟာအောင်မြေမြို့နယ် အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်း၌ တိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော ကျောင်းကြက်ခြေနီသင်တန်းကို သြဂုတ်၂၀ရက်မှ စတင်ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ပြေးခုန်ပစ် အသင်းအား အောင်နိုင်ရေးအလံပေးအပ်

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ကရသူရိမြို့ က‌လေးစာဖတ်ခန်း၌ စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ ဉာဏ်ရည်ဖွံ့ဖြိုးစိတ်ရွှင်လန်းစေ‌ရေး စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့ညနေ ၃နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင်တွင်၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၄ခုနှစ် (၂၅) ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၀ ရက်နေ့ နံနက် (၉) နာရီက ဟင်္သာတမြို့ရှိ မြို့တော်ခန်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ ရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီ အချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံဧက ၈၅၀၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ ၈၅၀၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ပဲခူးတိုင်း(အနောက်)ရှိ မြို့နယ်များအတွက် မျိုးစေ့ချကိရိယာ (Drum Seeders) များ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ရှိ တည်ဆောက်ရေး(၂)အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ပဲခူးတိုင်း(အနောက်)ရှိ မြို့နယ် (၁၄)မြို့နယ်အတွက် မျိုးစေ့ချကိရိယာ (Drum Seeders)များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။

သာပေါင်းမြို့နယ်တွင် ဝါခေါင်လပြည့်၊ မေတ္တာအခါတော်နေ့၌ ဘဒ္ဒန္တသုဇာတ မဟာထေရ်၏ သက်တော်(၇၈)နှစ်ပြည့်၊ ဝိဇာတမင်္ဂလာ ပူဇော်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဝါခေါင်လပြည့်၊ မေတ္တာအခါတော်နေ့၌ ဘဒ္ဒန္တသုဇာတ မဟာထေရ်၏ သက်တော်(၇၈)နှစ်ပြည့်၊ ဝိဇာတမင်္ဂလာ ပူဇော်ပွဲကို ယမန်နေ့ သာသနာတော်နှစ် ၂၅၆၈ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ မြို့သစ်(၆)လမ်း၊ တောင်ညို ဂန္ဓာရုံကျောင်းတိုက် ဓမ္မရက္ခိတ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြည်နယ်အဆင့်အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
Subscribe to