(၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့် အဆို၊ အ‌က၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မအူပင် ဩဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားအား  ယနေ့မွန်းလွဲ(၂)နာရီက မအူပင်မြို့ရှိ တိုးရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ အခြေခံပညာအဆင့် (၁၀-၁၅)နှစ် အဆိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မရွှန်းလဲ့မေမှ '’သီရိရတနာ”သီချင်းဖြင့်လည်း‌ကောင်း၊ အခြေခံပညာအဆင့် (၁၅-၂၀)နှစ် စောင်းအတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မအေးသန္တာစိုးမှ '’မှိုင်းရိပ်ကယ်သည့်ကြိုး’’ သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယ)တန်းတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကိုဝေလင်းဒိုးပတ်အဖွဲ့မှလည်းကောင်း၊ အဆင့်မြင့်ပညာအကပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မောင်လှထွန်းခိုင်ဦးမှ အကဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအကပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မသက်ထားစံမှ အကဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (၁၅-၂၀)တယောအတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မောင်ကောင်းချစ်ပိုင်စိုးမှ “‌ ဝေဇယံနှင့်နန်းကြာ “သီချင်းဖြင့်လည်းကောင်း ဧည့်ခံဖျော်ဖြေခဲ့ကြသည်။ ၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်မှ အမှာစကား ပြောကြားပြီး ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပါဝင်ကူညီလှူတန်းခဲ့သည့် အလှူရှင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဘာသာရပ်အလိုက် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်  အဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘာသာရပ်အလိုက် ဆုရရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)