ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ၌ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စု ဘုန်းတော်ကြီးများဦးဆောင်ဖွင့်လှစ်သင်ကြားပိုချသော ဧကာဒသမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း စာအောင်ဆုနှင်းသဘင်အခမ်းအနားကိုယမန်နေ့ နံနက်(၈)နာရီက မိုင်းသောက်ပထမစာသင်တိုက် အောင်ရတနာဓမ္မာရုံ၌ ကျင်းပခဲ့သည်။