ကန့်ဘလူမြို့၌ တန်ဖိုးသင့်စားသောက်ကုန်များ ရပ်ကွက်အလိုက် ရောင်းချပေးလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများ နေ့စဥ်လူမှုဘဝစားသောက်ရာတွင် တန်ဖိုးသင့်စားသောက်ကုန်များ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ကျွန်းရွှေဝါလမ်းဘေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။