သံဖြူဇရပ် သြဂုတ် ၂၀
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် ရပ်ကွက်ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျိုက္ခမီမြို့ မြို့မစာကြည့်တိုက်၌ စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီက စာကြည့်တိုက်ကော်မတီဝင်များနှင့်တွေ့ဆုံ၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်သိန်း ၅၀ ဖြင့်ပြုပြင်ဆောင်ရွက်မည့် အစီအစဥ်များကိုဆွေးနွေးရာ စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များမှ စာကြည့်တိုက်အဆောက်အဦပြန်လည်ပြုပြင်ခြင်း၊ ပရိဘောဂနှင့်စာအုပ်စာစောင်များဖြည့်ဆည်းခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားပြီး မိမိတို့စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လစဥ်အလှူရှင်(၁၀)ဦးခန့်ရှိပြီး စာကြည့်တိုက်ဖွင့်လှစ်ခြင်းကို အပတ်စဥ်တနင်္ဂနွေနေ့မှ ကြာသပတေးနေ့အထိ ဖွင့်လှစ်ပေးလျက်ရှိကြောင်း စာကြည့်တိုက်ကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)