ကျောက်ဆည် ဩဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးနှင့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းတို့တွင် ခရိုင်/မြို့နယ်ဆင့်ဦးစီးဌာန (၅၉)ဌာနမှ ဝန်ထမ်းပေါင်း (၄၄၀၃)ဦးအား ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရသည်။
စားအုန်းဆီများရောင်းချပေးရတွင် ဝန်ထမ်း(၁)ဦးလျှင် စားအုန်းဆီ(၁)ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် စားအုန်းဆီများကို Resources Group Trading Co, Ltd ကမ္ပဏီမှ ရည်ညွှန်းဈေး ဝယ်ယူပြီး ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဝင် စားသုံးဆီ လက်လီ၊ လက်ကားအရောင်းဆိုင်များမှ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရောင်းချရာတွင် ဝယ်ယူသူများအဆင်ပြေစေရေး အရောများခွဲ၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ခရိုင်အတွင်းရှိ ပြည်သူများ၊ ဌာနဆိုင်ရာများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ လူမှုရေးအသင်းများ စားသုံးဆီအခက်အခဲမရှိစေရေး စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများနှင့်ချိတ်ဆက်၍ စားအုန်ဆီများဝယ်ယူကာ ဈေးနှုန်းချိုသာစွာဖြင့် စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)