သနပ်ပင် ဩဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယနေ့နံနက် (၁၀)နာရီက သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင်ဆောင်ရွက်ခဲ့သည်။
ပထမဦးစွာ သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မန်နေဂျာဦးကျော်ဇေယျက ချေးငွေထုတ်တောင်သူများ သိရှိလိုက်နာရမည့် ဘဏ်ချေးငွေဆိုင်ရာ စည်းမျဥ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား အကြေအလည်ပေးဆပ်ပြီးဖြစ်သည့် အောက်သောင်ကျေးရွာ၊ ဉာဏ်ကျွန်းကျေးရွာရှိတောင်သူ (၁၅၂)ဦးအတွက် လယ်မြေတစ်ဧကလျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် လယ်မြေဧက (၁၁၂၄)ဧကအတွက် စုစုပေါင်းငွေကျပ် (၁၆၈၆၀၀၀၀၀) တစ်ထောင့်ခြောက်ရာရှစ်ဆယ့်ခြောက်သိန်းကျပ်ကို ထုတ်ချေးပေးခဲ့ကြောင်း သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)