ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းဗဟို(ရန်ကုန်-ရုံးခွဲ)မှ ကျန်းမာရေးစစ်ဆေးခြင်း ကွင်းဆင်း‌ဆောင်ရွက်ပေး

ဒဂုံမြောက် ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းဗဟို(ရန်ကုန်-ရုံးခွဲ)မှ ကွင်းဆင်း၍ မြို့နယ်အတွင်း တီဘီရောဂါရှာဖွေရေးစက်ကြီးများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို ၄၁ တိုးချဲ့ရပ်ကွက်၊ သန္တိသုခသာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က  ဆောင်ရွက်ပေးခဲ့‌ကြောင်းသိရသည်။

အဆိုပါ တီဘီရောဂါရှာဖွေရေးစက်ကြီးများဖြင့် ကျန်းမာရေးစစ်ဆေးပေးရာတွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းဗဟို(ရန်ကုန်-ရုံးခွဲ)မှ ဆရာဝန်ကြီး ဒေါက်တာစောနွဲ့နွဲ့မြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ ရပ်ကွက်နေပြည်သူ (၁၂၇)ဦးအား စမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

တီဘီရောဂါရှာဖွေရေးစက်ကြီးများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဩဂုတ်လ ၂၀ ရက်နေ့တွင် (၄၃)ရပ်ကွက်အုပ်ချုပ်ရေး‌မှူးရုံး၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် (၅၁)ရပ်ကွက်ဓမ္မာရုံ၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် (၃၂)ရပ်ကွက်၊ သာသနာ့ဇောတိကကျောင်းတိုက်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် မြို့နယ်ဆေးရုံတို့၌ နံနက် ၉ နာရီခွဲအချိန်မှ မွန်းလွဲ ၂ နာရီအချိန်အထိ စမ်းသပ်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်‌ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

မြင့်မြင့်ရီ