ညောင်လေးပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် သုံးဘီးယာဥ်ဖြင့် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းဆောင်ရွက်

ညောင်လေးပင် ဩဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက် သုံးဘီးယာဥ်ဖြင့် နယ်လှည့်စာကြည့်တိုက် စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီက ညောင်လေးပင်မြို့ အ.လ.က(ခွဲ)ငှက်ပျောတောသစ်ကျောင်း၌ ပြုလုပ်သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မိုးစန္ဒာဝင်းက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာကြည့်တိုက်ကို အသုံးပြုပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာနိုင်ကြောင်းနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာ၊ ဗဟုသုတ ရရှိစေမည့် စာအုပ်စာဆောင်များကို ဖတ်ရှုစေခြင်း၊ လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာဆောင်နှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)