ရန်ကုန် သြဂုတ် ၂၁
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘဏ္ဍာရေးဌာနမှဖွင့်လှစ်သော ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းသင်တန်း(၂/၂၀၂၄)ကို ယနေ့နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင်ဖွင့်လှစ်ရာ အသင်းဥက္ကဋ္ဌပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်အမှာစကားပြောကြားသည်။
ဖွင့်ပွဲသို့ အသင်းဥက္ကဋ္ဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင်ပါမောက္ခဒေါက်တာဒေါ်ရီရီတင်၊ အချိန်ပိုင်းအလုပ်အမှုဆောင်ပါမောက္ခဒေါက်တာဒေါ်မာလာဝင်း၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်၊ ဘဏ္ဍာရေးဌာနညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှတာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။
အဆိုပါသင်တန်းကို ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ဝယ်ယူရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေးဆိုင်ရာ အလွဲသုံးစားမှုများသိရှိကာကွယ်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ(၂၀)ရက်နေ့မှ သြဂုတ်လ(၂၃)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ရာ အသင်းဌာနချုပ်မှ ကြက်ခြေနီဝန်ထမ်း(၂၇)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)