စဉ့်ကိုင်မြို့နယ်၌ အမျိုးသမီးကိုယ်လုံပညာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

စဉ့်ကိုင် ဩဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်အမျိုးသမီးရေးအရာအဖွဲ့၊ အခြေခံပညာ‌ဦးစီးဌာနနှင့် ကာရာတေးကလပ်အသင်းတို့ပူးပေါင်း၍ အမျိုးသမီးကိုယ်လုံပညာသင်တန်းကို ဩဂုတ်လ ၇ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက် ၉ နာရီအချိန်က သင်တန်းဆင်းပွဲအခမ်းအနားကို အ.ထ.က(စဉ့်ကိုင်)ရှိ သဇင်ခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) အဖွဲ့ဝင် ဒေါ်မျိုးမျိုးအေးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ယခုသင်တန်းသည်  ကျောင်းသား/ကျောင်းသူများအတွက်  ခန္ဓာကိုယ်ကျန်းမာသန်စွမ်းခြင်း၊ စိတ်ကြည်လင်ပေါ့ပါးခြင်း၊ စိတ်ဓာတ်ခိုင်မာခြင်း၊ မိမိကိုယ့်ကို ခုခံကာကွယ်နိုင်ခြင်း၊  ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိသည့်အတွက် လက်တွေ့ဘဝတွင်လည်း ကောင်းစွာအသုံးချကြစေလိုကြောင်း ပြောကြားခဲ့သညိ။ ထို့နောက် သင်တန်းသူများက သင်တန်းတွင် သင်ယူခဲ့သည့် သင်ခန်းစာများအား လက်တွေ့အသုံးချသည့်အနေဖြင့် လက်တွေ့ သရုပ်ပြသခဲ့ကြပြီး သင်တန်းနည်းပြဆရာ ဆာကူရာကလပ်အသင်း နည်းပြချုပ်ဆရာဦးဝင်းမြင့်က ကျေးဇူးတင်စကားပြန်လည်ပြောခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မျိုးမျိုးအေးနှင့်တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ရာ သင်တန်းနည်းပြဆရာနှင့် သင်တန်းသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)(၃၉၉)