ကရသူရိ သြဂုတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိရေး လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးဟောပြောပွဲ၊ နံရံကပ်နှင့်စာအုပ်/စာစောင်များပြသခြင်းကို ယနေ့နံနက်၁၁နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက လူကုန်ကူးမှုဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်း၊ လူအများကို သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းရောင်းချခြင်းတို့အကြောင်း၊ လူကုန်ကူးခံရသည့်အကြောင်းတရားများ၊ လူကုန်ကူးမှုခံရလျှင် ခံစားရမည့်ဆိုးကျိုးများ၊ ထိုအန္တရာယ်များကို ကြိုတင်ကာကွယ်ရှောင်ရှားနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးတို့ကို ဟောပြောသည်။
ထို့နောက် လူကုန်ကူးမှုဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များ၊ နံရံကပ်ပိုစတာများ၊ ဓာတ်ပုံများနှင့်စာအုပ်/စာစောင်များအား ပညာပေးပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)